Thursday 1 June 2017

နင်နေကောင်းရဲလား?
နင်အဆင်ပြေရဲလား?
သိချင်လိုက်တာ ကောင်မလေးရယ်၊
နင်နေမကောင်းအဆင်မပြေတဲချိန်
ငါဘာမှမလုပ်ပေးနိုင်ခဲ့ရင်တောင်မှ
နင့်ကိုအားပေးချင်တယ်။
နင့်အသံလေးကြားချင်ပြီကလေးလေး
ဘယ်ချိန်နင်ငါ့ကိုဖုန်းခေါ်ပေးမလဲ😢?
I miss you baby ❤️ 


Friday 26 May 2017

တစ်ခါတစ်လေ နင့်ကို အရမ်းတွေ့ချင်မိတဲ့ငါ့စိတ်
တစ်ခါတစ်လေငါ့စိတ်ကို ငါဆန်းစစ်နေရတာလဲ
အဖန်ဖန်ခါခါပဲ ငါဘာလို့များ ဒီလိုဖြစ်နေရတာလဲ
ငါကစိတ်မထိန်းနိုင်တဲသူလား ငါ့ဦးနှောက်အမှေးပါး
ထဲကနေအရူးစိတ်ကပ်နေတာများလား ငါအရမ်းစဉ်းစား
နေမိချန်တွေ နင်ငါ့ရဲအတွေးတွေကိုအကုန်နေရာယူတာ
နင့်ကိုသတိရတိုင်းနင့်ပုံလေးတွေကြည့်ရတာပျော်တယ်
နင့်နဲစကားပြောချင်တဲချိန်တိုင်း နင့်အသံလေးတွေကို 
Downloadလုပ်ထားတာ အဖန်တလဲလဲ နားထောင်မိတယ်
နင်ငါ့ကိုသီချင်းဆိုပြတါတွေ ငါအမြဲ့တမ်းနားထောင်တယ်
ငါ့ကိုအရူးလို့တော့မထင်လိုက်နဲနော်😒နင့်ကိုအရမ်းသတိရတယ်


ရိုးရှင်းလွန်းတဲ့နင့်မျက်နှာလေးကိုငါ..,,,,,.....??

Saturday 20 May 2017

         သတိရခြင်း

လူတစ်ယောက်ကိုသတိရတာ ဘာကြောင့်လဲ?
ငါသိသလောက်တော့ချစ်ခြင်းကနေလာတာပါ
သတိရခြင်းဆိုတာ မပန်ပင်းပေမယ့် တစ်ခါတစ်လေ
အရူးတစ်ယောက်နဲ့တူမိတာကတော့ တစ်ဦးတစ်ယောက်ကို
သတိရဖူးတဲသူကသိမှာပဲ ငါ ငါ့မိသားစုညီကိုမောင်နှမတွေ
တောင် ငါဒီလောက်သတိမရဖူးဘူး။ နင်ငါ့အတွေးတွေတိုင်း
အချိန်တွေတိုင်းမှာနင်ငါ့ကိုအစိုးရစိုးမိုးလွန်းသူတစ်ယာက်ပါ၊
ငါနင့်ကိုချစ်တယ် ငါနင့်ကိုချစ်တယ်လို့အမြဲ့ပြောချင်နေမိတယ်၊
နင့်တွက်အနှောက်ယှက်ဖြစ်မှာလဲအရမ်းစိုးရိမ်တယ်၊ နင်မကြိုက်
ဘူး နင့်တွက်အဆင်မပြေဘူးဆိုရင် ငါမပြာတောပါဘူးနော်၊
ရင်ထဲကနေတော့အမြဲ့တမ်းပြောပါရစေနော်၊ ငါကစိတ္တဇဆန်ဆန်
ရူးသွပ်သူတစ်ဦးပဲလား၊ ကိုယ်မပိုင်တဲလူတစ်ယောက်ကိုဒီလောက်ထိ
ငါဘာဖြစ်နေတာလဲ?၊ why? စိတ်ကစားတာလား စိတ်ကစားတာဆိုလဲ
ကစားနေတဲစိတ်ပြေသင့်နေပါပြီ၊ ငါရူးသပ်မယ့်အချိန်ကဘယ်လောက်ချိန်
ထိလဲ သိချင်မိတယ်၊ ငါနင့်ကိုချစ်တယ် သတိရတယ်😭😭😭😭😭😭
တစ်ချို့အချစ်တွေမှာကြိုးစားခွင့်တောင်မရှိတဲ့အချစ်မျိုးတွေပါလား၊ အချစ်
ဆိုတာဘယ်လောက်ချစ်ချစ်အပြစ်မရှိဘူးလို့ကျနော်ထင်တယ် ၊မထိန်းတက်
ရင်အချစ်ကအပြစ်ပါကပ်လာတော့မယ့်အဖြစ်မျိုးပဲမဟုတ်လား ၊ စိတ်ချပါ 
အချစ်စစ်မစစ်တော့တစ်နေ့ကျရင်နင်ရယ်ငါရယ်သိခွင့်ရပါလိမ့်မယ်၊
Opa မူးခိုဖော်ကိုချစ်တယ်။။။။။။

Monday 8 May 2017

ငါ့အချစ်နဲ့ ငါ့ခံယူချက် တစ်နေ့နင့်ကို ပေးဖတ်ဖို့တွက်ရေးတာ

ငါကဘုရားသားဖြစ်တဲအတွက် ခံစားချက်နဲအသက်မရှင်ဘူး။
နင်မသိတာတစ်ခုက ငါဘုရားသားဆိုတာကောင်းကောင်းမသိသေးဘူး။
တစ်နေ့တောသိလာမယ်လို့ ငါယုံကြည်တယ် ။
နင့်ကိုပြောပြဖူးပါတယ် ဘုရားကတစ်ဖက်သက်ကြီးအလုပ်မလုပ်ဘူး။
ဒါကြောင့်ငါ့အချစ်တွက်ငါမပူဘူး ဘုရားသခင်ပြင်ဆင်ပေးမယ်လို့ကျနော်
100%ယုံတယ်။ တစ်ခုတော့ရှိတယ် ငါကငါ့အဖဘုရားရဲအလိုတော်ကိုတိကျမသိပဲနဲ
အလိုတော်ထင်ပြီး လျောက်မလုပ်ဖို့ ငါနေ့တိုင်းခွန်အားသစ် ဉာဏ်ပညာတောင်းတယ်။
နင်ထင်ကောင်းထင်လိမ့်မယ်နော် ငါနင့်ကိုချစ်တယ်လို့ပြောတိုင်း လေယာဉ်ကွင်းမှာဆင်းပြီး
သဘောင်္ထိုင်စောင့်နေတယ်လို့ ငါကိုထင်နိုင်တယ် ။ ဟုတ်ပါတယ် ငါ့အဖြစ်ကအဲလိုပုံစံပါပဲ။
ငါပြောတာကိုသဘောမပေါက်နိုင်တာတွေရှိရင်လဲ ပြန်မေးနိုင်တယ် ဒီထက်မကရှင်းအောင်
ပြန်ရှင်းပြမယ်။

တစ်ခုငါစိုးရိမ်တယ် ငါ့ကိုအထင်သေးသွား မှာစိုးရိမ်တယ် ။ဘာလို့လဲဆိုတော့ ငါ့ကိုအထင်သေး
လိုက်ရင် ဘုရားကိုအထင်သေးတာနဲတူတူပဲ။ ဒါနဲငါ့ကိုအထင်ကြီးချင်လို့လဲမဟုတ်ဘူး အထင်ကြီး
တာလဲမခံချင်ဘူး၊ ငါ့ကိုထင်စေချင်တာ ဘုရားသားလို့ပဲထင်စေချင်တာ၊ ပြီတော့နောက်တစ်ခု
ငါစိုးရိမ်တာရှိတယ် နင်ခရစ်တော်ကိုသိပြီးတော့ နောက်ပြန်လှည့်ဖို့နဲ့ သိရဲသားနဲ ပေါရောဖို့ 
စိုးရိမ်တိယ်၊ ခရစ်တော်ရဖို့အရေးကြီးတယ်၊ ခရစ်တော်ကိုရပြီးရင် အသက်တာ ကွာဟမှုများတယ်။
သိသိသာသာ ငါဘယ်လိုလူလဲဆိုတာသိလာပြီး ငြိမ်သက်ခြင်း တည်ကြည်ခြင်း ရရှိတယ်၊
ထာဝရအသက် စိတ်ချမှု ကယ်တင်ခြင်းစိတ်ချမှု ပြီးရင်အမွေ ပြီးရင်စုံလင်သောအသက်တာ
အဓိကအားပေးချင်တာက နှုတ်ကပတ်တော်နေ့တိုင်းဖတ်ပါ ဘုရားရဲနှုတ်ကပတ်တော်နဲအသက်
ရှင်ပါ ။ငါနင့်ကိုချစ်တယ် မှန်တယ်တကယ်ချစ်တယ် ဒါပေမယ့် နင်ငါ့ကိုမုန်းဖို့မကြောက်ဘူး
ခရစ်တော်၌မနေမှာပဲကြောက်တယ် နင်ခရစ်တော်တကယ်သိလာပြီး တစ်ခြားသူနဲလက်ထပ်
လဲငါကျေနပ်တယ် ဒါပေမယ့် ဘုရားအလိုတော်ကိုရှာပါ နှုတ်ကပတ်တော်အတိုင်းပဲအသက်ရှင်ပါ
ထိုသို့မပြုလျှင်ဘုရားသခင်ရဲအမွေကောင်းကြီးမရဘူး။
ဒီစာအတွက်ငါ့ကိုပြန်မေးစရာတွေအများကြီးပါ yes ဟုတ်တယ် ငါလက်ခံတယ် အချိန်မရွေး
ဖြေလို့ရတယ် ။  နင့်ကိုအရမ်းသတိရတယ်၊မူးခိုဖော်၊နင်ပို့ပေးတဲ့အသံတွေပြန်နားထောင်ဦးမယ်နော်
နင်ဆိုပြတဲသီချင်း ငါနေ့တိုင်းနားထောင်ပါတယ် you remember what song that? 
That's you raise me up .စိတ်မဆိုးနဲနော်ကလေးလေး နင့်အသံကိုကြားချင်လွန်းလို့ပါ။

Thursday 4 May 2017

အရမ်းသတိရနေတယ်
ဒီချိန်မှာနင့်ဖုန်းခေါ်မှာကို
မျော်နေသလောက် ငါဘာကိုမှ
မမျော်လင့်မိဘူး
ဒီလမြန်မြန်ကုန်ပြီးနောက်တစ်လ
မြန်မြန်ကုန်သွားစမ်းပါ ရက်တွေလတွေရယ်
ငါ့တွက်အဖြေမသေချာတဲ့ သချာင်္ကို
ငါနေ့တိုင်းတွက်နေရသူပါ
You make me crazy 
My baby

Thursday 27 April 2017

                Hi,ငါသတိရနေတဲ့ကောင်မလေးဆီသို့-------------

နင့်ကိုငါအရမ်းသတိရတယ်ဟာ 
နင်မေးချင်မှာပေါ့ မတွေ့ဖူးပဲနဲဘယ်လိုလို့သတိရတာလဲလို့
နင့်ကိုငါချစ်တယ်
ဒါလဲနင်ဘာလို့ငါ့ကိုချစ်တာလဲလို့မေးနိုင်ပါတယ်
ငါဖြေနိုင်တယ် နင့်ကိုသတိရတာ နင့်ကိုငါသံယောဇဉ်ပိုနေလို့ပါ သေချာတယ်
နင့်ကိုဘာလို့ချစ်တာလဲဆိုတာက ရှင်းရှင်းလေးပါ ငါ့အချစ်ကအကြောင်းပြချက်မရှိဘူး
မတွေ့ဖူးပဲ သံယောဇဉ်ပိုနေတဲသူအတွက် အကြောင်းပြချက်ဆိုတာမရှိနိုင်ပါဘူး
လူတစ်ယောက်ကိုအကြောင်းပြချက်နဲချစ်တာ မမြဲနိုင်တဲအချစ်ပါ
နင်လဲငါ့ကိုစကားပြောဆက်သွယ်နေသေးတာ အကြောင်းပြချက်ရှိရင်
အဲအကြောင်းပြချက်ငါ့မှာမရှိတော့ဘူးဆိုရင် နင်ငါ့ကိုမေ့သွားလိမ့်မယ်
လူတစ်ယောက်ကိုအကြောင်းပြချက်တစ်ခုနဲချစ်နေတာ မခိုင်လုံတဲ အချစ်ပဲ
ဒီထက်ရှင်းအောင်ပြောပြရရင် လူတစ်ယောက်ကိုလှလို့ချစ်တာ စကားပြောကောင်းလို့ချစ်တာ
လူမှုရေးပိုင်လို့ချစ်တာ ငွေရှိလို့ချစ်တာ ဆိုရင် မလှတော့ရင် စကားမပြောတက်တောရင်
လူမှုရေးမရှိတော့ရင် ငွေမရှိတော့ရင် အရင်ကလိုမချစ်နိုင်တော့ဘူး 
ခုပြောပြတါနင်နားလည်ရင် နင်ငါ့ကိုဘာလို့ချစ်တာ ဘယ်လိုချစ်တယ်ဆိုတာမေးနိုင်မှာမဟုတ်ဘူး


******lone*********